Pages

Wednesday, January 18, 2012

Internet homepage မှာ နာမည်ထိုးပြီး နောက်ခံပုံ လှလှလေးတွေနဲ့ ထားမလား


ကျနော်တို့ဟာ အ၀တ်အစားတွေကို အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ လဲလှယ်ပြီး ၀တ်ကြပါတယ် ၊ တစ်မျိုးတည်းပဲ အမြဲဝတ်နေမယ်ဆိုရင် ရိုးအီနေတဲ့ ခံစားချက်တွေကိုပဲ ရနေမှာပေါ့ ၊ စိတ်ညစ်စရာတွေ များတဲ့ လောကကြီး ထဲမှာ ပျင်းစရာတွေ ထပ်ပေါင်းရင် ဘယ်ကောင်းတော့မှာလဲ ၊ ကျနော်ကတော့ ကွန်ပြူတာမှာဆိုလည်း desktop background ကို ပြောင်း..ပြောင်းပြီး သုံးတာပဲ ၊ အထူးသဖြင့်တော့ စိတ်ခံစားမှုရဲ့ စေရာအတိုင်း ပုံတွေကို အငြိမ် အလှုပ် ၊ အပူ အအေး ၊ တွေးစရာ ငေးစရာ စသည်ဖြင့် အမျိုးမျိုး ထားဖြစ်ပါတယ် ၊ နောက်တော့ desktop background တင်မကတော့ပဲနဲ့ browser ရဲ့ homepage မှာပါ ခြယ်သပြီး ကလိချင်လာတယ် ၊ website တစ်ခုခုကို homepage ထားမယ်ဆိုရင်လဲ သူ့ဒီဇိုင်းတွေက ပုံသေနီးပါး ဖြစ်နေတယ် မဟုတ်လား ၊ ကျနော်က Google fan ဆိုတော့ Google search ကို ထားချင်တယ် ဒါပေမယ့် သူ့ကို background ထည့်မယ်ဆိုရင်လည်း login လုပ်ထားဦးမှ ၊ အဲလိုနဲ့ပဲ ရှာရင်းဖွေရင်းနဲ့ login လုပ်ထားစရာ မလိုပဲ စာတန်းလေးတွေထိုး ၊ ခေတ်ဆန်ဆန် ဒီဇိုင်းအလန်းလေးတွေ ပေါင်းထည့်ပြီး homepage လုပ်လို့ရတဲ့ အတော်လေး စိတ်ကျေနပ်ဖွယ်ရာ website လေးတစ်ခုကို တွေ့ရှိခဲ့ပါတယ် ၊ အဲဒီအကြောင်းကို သုံးပုံသုံနည်းလေးတွေနဲ့ ဖျန်းကာ သန်းကာ မရေမရာလေး တင်ဆက်သွားမှာ ဖြစ်ပါတယ် ။
ပထမဆုံး http://www.shinysearch.com/ ကိုသွားလိုက်ပါ။
Click to select style ဆိုတဲ့ dropdown menu လေးက style ရွေးဖို့ဖြစ်ပါတယ် ၊ ညာဖက်မှာရှိတဲ့ Your name ဆိုတဲ့ အကွက်လေးကတော့ နာမည်ဖြည့်ဖို့ဖြစ်ပါတယ် ၊ နာမည် မထိုးချင်ဘူးဆိုရင် နာမည်နေရာကို ချန်ထားခဲ့လို့ရပါတယ် ၊ dropdown menu လေးပေါ်ကို click လုပ်လိုက်ရင် လူသုံးများတဲ့ စတိုင်လ်တွေ ထွက်လာမှာ ဖြစ်ပါတယ် ၊ ဘားကို ဆွဲချပြီး menu လေးရဲ့ အောက်ဆုံးနားကို သွားကြည့်လိုက်ရင် upload your picture ဆိုတာကို တွေ့နိုင်ပါတယ် ၊ အဲဒါက ကျနော်တို့တင်ချင်တဲ့ပုံကို တင်ပြီး သုံးဖို့ပေါ့ ၊ အခု ပုံတင်ဖို့ အကြောင်းကို ပြောပြီးရင် style တွေထပ်ပြီး ရွေးနိုင်ဖို့ကို ဆက်ပြောပါဦးမယ် ။
ပုံတင်မယ်ဆိုရင် ပထမဆုံး dropdown menu ထဲက upload your picture နှိပ်လိုက်ပါ ၊ ပြီးရင် Browse ဆိုတဲ့ ခလုတ်ကလေးကို နှိပ်ပြီး ကိုယ်တင်ချင်တဲ့ ပုံရှိရာကို ဆွဲခေါ်သွားပါ ၊ အဲဒီနောက်မှာ ပုံအနေအထား ရွေးရပါမယ် center က အလယ်မှာပဲ ရှိနေမှာဖြစ်ပြီး ပုံအရွယ်အစား အသင့်အတင့်ပဲ ရှိပါမယ် ၊ Tiled ကတော့ screen အပြည့်ကို ပုံလေးခုနဲ့ ဖြည့်ပြီးပေါ်မှာပါ ၊ Full screen ကတော့ တစ်ပုံတည်းနဲ့ အပြည့်ပေါ်မှာပါ ၊ နောက်ဆုံးမှာတော့ upload ကို နှိပ်လိုက်ပါ ၊ ထွက်လာတဲ့ပုံကို မကြိုက်ဘူးဆိုရင် browser ရဲ့ back ခလုတ်ကို နှိပ်ပြီး ပြန်ရွေးနိုင်ပါတယ် ။

ကိုယ်သုံးချင်တဲ့ပုံကို တင်မနေတော့ပဲနဲ့ ပေးထားတဲ့ စတိုင်လ်တွေကို သုံးဖို့အကြောင်းကို ဆက်ပြောပါမယ် ၊ Click to select style ဆိုတဲ့ bar လေးရဲ့ဘေးက dropdown menu လေးကို နှိပ်ပြီး ဟိုးအောက်ဆုံးမှာရှိတဲ့ More styles – Click here>> ကို နှိပ်လိုက်ပါ

အုပ်စုခွဲထားတဲ့ စတိုင်လ်အုပ်စုတွေ အများကြီးထွက်လာပါပြီ ၊ အုပ်စု တစ်ခုချင်းစီရဲ့အောက်မှာလည်း စတိုင်လ်ခွဲတွေ အများကြီး ရှိပါတယ် ၊ ကျနော်ကတော့ newest styles အုပ်စုကို ကြိုက်ပါတယ် ..

ပထမဆုံးမှာ အပေါ်ဆုံးက style အုပ်စု တစ်ခုခုကို အရင်ရွေးလိုက်ပါ ပြီးရင် နာမည်ဖြည့်လိုက ဖြည့်ပါ နောက်ဆုံးမှာ နှစ်သက်မယ်ထင်တဲ့ စတိုင် တစ်ခုခုကို ရွေးပြီး ဘယ်လိုနေလဲ ကြည့်ပါ ၊ ကြိုက်ပြီဆိုရင် homepage လုပ်လိုက်ပါ ၊

လုပ်ဖို့က Address bar က URL ကို အားလုံး select ပေးပြီး copy ကူးထားပါ ပြီးရင် firefox အတွက် Tools > Options > General > Homepage မှာ မူလရှိနေတာကို ဖျက်ပြီး ခုနက ကူးထားတဲ့ URL ကို paste လုပ်လိုက်ပါ ၊ Ok ကို နှိပ်ပါ ၊ အဲဒါဆိုရပါပြီ ။

အခု homepage ဟာ နာမည်ထိုးဖို့ ၊ ဒီဇိုင်းဆင်ဖို့ ၊ ကိုယ်တင်ချင်တဲ့ပုံတင်ဖို့ တွေအတွက်တင် မဟုတ်ပဲနဲ့ Gmail, Yahoo စတဲ့ Mail account တွေကို အလွယ်ဝင်ဖို့ ၊ facebook , Twitter တို့လိုမျိုး social sites တွေကို အလွယ်သွားဖို့ ၊ သတင်းတွေဖတ်ဖို့ ၊ Youtube လိုမျိုး video တွေကြည့်ဖို့ ၊ Wikipedia လိုမျိုး စွယ်စုံကျမ်းတွေကို ကိုးကားချက်တွေ ရှာဖို့ ၊ ရာသီဥတု အခြေအနေတွေကို သိနိုင်ဖို့ စတဲ့ အသုံးဝင်တဲ့ link တွေတထောကြီးကို Homepage ရဲ့ အထက် ဘယ်ဒေါင့်မှာရှိတဲ့ Check Email, Friends, News, More စတဲ့ menu တွေက တစ်ဆင့် ချိတ်ဆက်ပေးထားပါတယ် ၊ ဒါကြောင့်မို့လေ “ကျနော်ကတော့ အရမ်းအရမ်းကို ကြိုက်တာပါပဲ” လို့သာ ပြောလိုက်ချင်ပါတော့တယ် ၊ ကျနော်ကိုလေပေါ ဟုတ်မဟုတ် ကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်ပါ..

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊