Pages

Wednesday, January 18, 2012

စက်ဖွင့်တဲ့အချိန်မှာ ကွန်ပြူတာက နှုတ်ခွန်းဆက်စကား ဆိုစေချင်ပါသလား



ဂျပန်နိုင်ငံမှာ စက်ရုပ်ကနေ ကြိုဆိုနှုတ်ခွန်းဆက်တာ ၊ ဟော်တယ်မှာ ဧည့်ကြိုလိုမျိုး လုပ်တာ ၊ စာသင်တဲ့ ဆရာမလုပ်တာ ၊ စတဲ့ အမျိုးမျိုးသော တီထွင် စမ်းသပ်ချက်တွေကို ဖတ်ရ ကြည့်ရတော့ ကွန်ပြူတာကလည်း စက်ဖွင့်လိုက်တာနဲ့ ကျနော့်ကို ကြိုဆို နှုတ်ခွန်းဆက်စကား ဆိုရင် ကောင်းမှာပဲလို့ တွေးကြည့်ဖူးတယ် ၊ အခုတော့ ရပါပြီ ၊ သိတဲ့အတိုင်းပါပဲ ကျနော်ကလည်း ရပြီဆိုရင် ပြန်ပေးချင် နေတာက တကြွကြွဖြစ်နေတာ မဟုတ်လား ၊ အဲဒါကြောင့်ပဲ လွယ်လွယ်လေးလုပ်ပြီး ထူးထူးဆန်းဆန်း ဖြစ်စေမယ့် ဟောဒီနည်းလေးကို ပြန်ပြီး ဝေမျှ လိုက်ပါတယ်ဗျာ..

(၁) Notepad လေးကိုဖွင့်ပါ

(၂) ဟောဒီအောက်က code လေးတွေကို copy ကူးပြီးတင်လိုက်ပါ

Dim speaks, speech
speaks="Hi! Mr Win have a happy day. This is my wish for you today."
Set speech=CreateObject("sapi.spvoice")
speech.Speak speaks

(၃) ဒုတိယစာကြောင်းမှာ မျက်တောင်ကွင်း “..” လေးထဲက စာသားတွေကို ဖျက်ပြီး ကြိုက်နှစ်သက်ရာ စာသားနဲ့ ပြောင်းရေးလိုက်ပါ ၊ အခုရေးထားတာက ကျနော်သုံးတဲ့ အတိုင်း ရေးထားတာမို့ နာမည်လေးပဲ ဖြစ်စေ ပြင်ရေးလိုက်ပါ ၊ အရေးကြီးတာက အဲဒီမျက်တောင်ကွင်း inverted comas (Quotation marks) လေးတွေ မပျက်ပါစေနဲ့ ၊ သတိထားလိုက်ပါ

(၄) File menu ကိုနှိပ်ပြီး Save as ကိုရွေးပါ ၊ Save as Type ကို All files ထားပြီး File name ကို Welcome.vbs နဲ့ save လုပ်လိုက်ပါ ၊

(၅) Save လုပ်လိုက်တဲ့ file လေးပေါ်ကို ကလစ်လုပ်ပြီး အစမ်းနားထောင်ကြည့်ပါ ၊ မကြိုက်သေးရင် ပြင်ရေးပါ ၊ စိတ်ကြိုက်ရပြီဆိုရင် သူ့အပေါ်မှာ right click ထောက်ပြီး copy ကူးယူထားလိုက်ပါ ။

(၆.က ) XP သမားများက ဒီအတိုင်းဝင်သွားပြီး Paste လုပ်လိုက်ပါ

C:\Documents and Settings\All Users\Start Menu\Programs\Startup

(၆.ခ) Vista နဲ့ Windows 7 သမားများက ဒီအတိုင်းဝင်သွားပြီး Paste လုပ်လိုက်ပါ

C:\Users\User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup

ပြီးပါပြီ ၊ နောက်တစ်ခါ စက်ဖွင့်တဲ့အခါ ရေးထားတဲ့အတိုင်း နှုတ်ဆက်စကား ဆိုတာကို ကြားရမှာပါ ။ သာယာချိုမြသော နှုတ်ဆက်စကားသံများ အစဉ်ကြားနိုင်ကြပါစေ ..

Email ThisBlogThis!Share to TwitterShare to Facebook
ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊