Pages

Monday, January 23, 2012

အသက်စွန့်ကြသော ယောက်ကျားနဲ့မိန်းမများ


ဘောလုံးအသင်း တစ်သင်းနဲ့ အသူ ဒိုင်လူကြီးတစ်ယောက် training လေ့ကျင့်နေကြ တယ်။ ဘောလုံးကွင်းမှာ မဟုတ်ပါဘူး။ အပြင်တောတန်း တစ်နေရာ မှာပါ။ ဒိုင်လူကြီး လက်ထဲမှာတော့ အိပ်အကြီးကြီး တစ်လုံးကို ကိုင်ဆွဲထားပါတယ်။ ဒီလိုနဲ့ အပြေးလေ့ ကျင့် ကြရင်း တစ်နေရာရောက်တော့ ဆိုင်းဘုတ်တစ်ခုကိုတွေ့ကြပါတယ်။ ဆိုင်းဘုတ်မှာ ရေးထား တာကတော့ “ဒီရှေ့ ခပ်လှမ်းလှမ်းမှာ မြစ်ချောင်းတစ်ခုရှိတယ်၊ ဒီမြစ်ချောင်း ကို ကူးခတ် ကျော်ဖြတ်နိုင်ရင် အင်မတန်မှ ချောမောလှပ ပြေပျစ်တဲ့ ယမင်းအချောအလှ တစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ် ပုံ/သားစားမိကျောင်းများအဖွဲ့” ဆိုပြီးရေးထားပါ တယ်။ သူတို့လည်းမြစ်ချောင်း ရှိတဲ့နေရာကို သွားကြည့်ကြတော့ အဟုတ်ပဲ ဟိုဘက် ကမ်းမှာ မိန်းမပျိုလေးတစ်ယောက် ရပ်စောင့်နေတာကို တွေ့ကြရတယ်။ ခပ်ဝေးဝေးက မြင်ရတာတောင် မိန်းမပျိုလေးရဲ့ ကောက်ကြောင်း အလှက မြင်ရသူ ပုရိသ များရဲ့ ရင် ကိုတုန်လှုပ် ချောက်ခြားစေနိုင်တယ်။ သွေးလည်ပတ်စီးဆင်းမှု ကိုဆူပွက် စေတဲ့အလှတရား ရဲ့ဆွဲခေါ်မှုကို မလွန်ဆန်နိုင်တဲ့ ဘောလုံးသမားအချို့ မိကျောင်းရှိတာကို မေ့သွားပြီး မြစ်ချောင်းထဲပြေးဆင်းသွားကြတယ်။ ဆင်းသမျှ လူ အားလုံးကိုလဲ မိကျောင်းတွေ စားလိုက်တာ ဒိုင်လူကြီးတစ်ယောက်ပဲကျန်တော့တယ်တဲ့။ ဒိုင်လူကြီးကလည်း စဉ်းစားတယ် ငါလည်းဆင်းလိုက်ရင် အများနည်းသူ မိကျောင်းစားခံရလိမ့်မယ် ၊ အချောအလှ လေးကိုလည်း လိုချင်တယ် ဘယ်လိုလုပ်ရပါ့။ နောက်ဆုံး သူစဉ်းစားပြီး ငါတော့ အသေမခံနိုင် ဘူးဆိုပြီး။ လှမ်းအော်လိုက်တယ် “ဟေ့ . . .” မိန်းကလေးကလည်း ပြန်အော်လာတယ် “ဘာလဲ . . .” ဒိုင်လူကြီးက သူအိပ်အကြီးကြီးကို လှုပ်ပြရင်း “ ငါ့မှာ ငွေ အများကြီး ပါလာတယ်” အဲဒီ မှာပဲ အချောအလှလေးက မြစ်ချောင်းထဲကို ခုန်ဆင်း ပြီး ကူးခတ် လာပါတော့တယ်။ ဟုတ်ကဲ့ သူလည်း မိကျောင်းစားခံလိုက်ရပါတယ်။
. . . . .
. . . . .

ကျွန်တော်စဉ်းစာမိတာကတော့ ယောင်္ကျားလေးတွေက အချောအလှ တွက် အသက်စွန့် ကြသလို၊ မိန်းကလေးတွေကလည်း ချမ်းသာကြွယ်ဝမှုအတွက် အသက်စွန့် ကြတယ်(အသက်တောင်စွန့်တယ် ဆိုမှတော့ အရှက်နဲ့ သိက္ခာ ပါကုန်ပြီပေါ့ဗျာ)။ ကျွန်တော့ရဲ့ အယူအဆပဲ ဖြစ်ပါတယ် မည်သူနဲ့မျှ မသက်ဆိုင်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲ ပိုင်ခွင့်ရှိပါသည်။


ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊