Pages

Friday, January 20, 2012

သင်ချစ်သော ကွန်ပြူတာ အသက်ရှည်အောင် လုပ်ပေးပါ

(၁) My computer ကိုနှိပ်ပါ

(၂) စစ်ဆေးမယ့် drive ပေါ်ကို right click လုပ်ပြီး properties ကိုရွေးပါ

(၃) Tools ဆိုတဲ့ tab အောက်ကိုရွှေ့ယူပါ ၊ မူလက General အောက်မှာ ရှိနေတာများတယ် ၊ Error-checking ဆိုတဲ့ အပိုင်းလေးက Check now ကို ကလစ်လုပ်ပါ ၊ Windows မှာ Password ထားရင်တောင်းမယ် ဖြည့်လိုက်ပြီး confirm လုပ်ပါ ၊ Check disk options ဆိုတဲ့ box လေးကျလာမယ် ၊

(က) Automatically fix file system errors ကို select လုပ်ပါ ၊ အဲဒါက file စနစ်အမှားတွေကို ပြင်ပါလိမ့်မယ်

(ခ) Scan for and attempt recovery of bad sectors ကိုလည်း select လုပ်ပါ ( မူလက select ရှိမနေပါဘူး ) ၊ အဲဒါက hard disk ရဲ့ physical error ဖြစ်တဲ့ စက်ပိုင်းဆိုင်ရာ အမှားတွေကို ပြင်မှာပါ

အနှစ်ချုပ်ကတော့ နှစ်ခုလုံးကို select လုပ်ပေးတာက ပိုကောင်းပါတယ်

(၄) Start ကို နှိပ်ပါ ၊ ဒီအောက်မှာ နှစ်ပိုင်းခွဲပြီး ပြောပါဦးမယ်

(က) Windows System ထည့်မထားတဲ့ drive ဆိုရင် တစ်ခါတည်း စစ်ပြီး ပြင်ပေးပါတယ် ၊ အဲဒီ drive ဟာ သုံးနေတယ် ၊ ဥပမာ.. အဲဒီအထဲက သီချင်းကိုဖွင့်နေတာ ၊ ဒေါင်းလုပ်ဆွဲနေတာမျိုးရှိရင် တစ်ခါတည်း အလုပ်မလုပ်ပါဘူး ၊ စစ်နေပြင်နေတဲ့ အချိန်မှာ အလုပ်တွေအားလုံး ရပ်ထားတာကောင်းပါတယ် ၊

(ခ) Windows system ရှိနေတဲ့ C drive ကို လုပ်မယ်ဆိုရင် လောလောဆယ် Windows ကိုခေါ်ပြီး သုံးနေတာဖြစ်လို့ boot time scan လုပ်ဖို့ reschedule the check for the next time you restart your computer ဆိုပြီး မေးပါလိမ့်မယ် ၊ reschedule လုပ်လိုက်ပြီး ကွန်ပြူတာကို restart လုပ်ပါ ၊ ချက်ခြင်း restart မလုပ်လည်းရပါတယ် ၊ နောက်တစ်ခါ boot လုပ်တဲ့အခါ disk check လုပ် အမှားပြင်ပြီးတဲ့အခါမှသာ Windows system ပြန်တက်လာပါလိမ့်မယ် ၊ သုံးလို့ရပါပြီ ။

Command prompt ကို admin right ယူပြီးဖွင့် chkdsk/f ဆိုပြီးရိုက် enter ခေါက် .. အဲလို geek ဆန်တဲ့ နည်းလေးတွေလဲ ရှိသေးတယ်.. ဒီတစ်ခါတော့ geeky trick လေးတွေ နားထားလိုက်ပါဦးမယ်နော်..

လူတိုင်းရဲ့ဘ၀မှာ အမှားလေးတွေကင်းပြီး ပျော်ရွှင်နိုင်ပါစေ ၊ အမှားလေးတွေ ရှိခဲ့ရင်လည်း အမှန်ကို ချောမွေ့စွာနဲ့ ပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..


ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊