Friday, November 18, 2011
- November 15, 2011 ရက် ၊ 10:39am တွင် Way Min 007 ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
- ၁။ ယာယီနိုင်ငံကူးလက်မှတ်ရပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုပြီးသည့်နေ.မှစပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ရယူရန်လျှောက်ထားရမည်။ လက်မှတ်ခကို အလုပ်လုပ်နေသည့် သက်ဆိုင်ရာ နယ်မြေ အလုပ်သမားရုံးများတွင်ပေးဆောင်ရမည်။
(မိမိအလုပ်ရှင်ဖြင့် တိုက်ရိုက်လုပ်ပါက ၂၁၀၀ ဘတ် ခန်. ကြားခံရုံးများမှလုပ်လျှင် ၃၀၀၀ ဘတ် ခန်.ကုန်ကျမည်ဖြစ်သည်။)
၂။ အလုပ်လုပ်ခွင့်လက်မှတ်ရယူရန်အတွက် အလုပ်လုပ်ခွင့်မရှိသော ရောဂါများရှိမရှိကို ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆေးရုံများတွင် ဆေးစစ်ရမည်။
(ခန်.မှန်းကုန်ကျငွေ ၈၀၀ ဘတ် ခန်.)(နယ်မြေအလိုက် ဈေးကွာခြားသည်။)
၃။ နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်(ခိုတာ) ရရှိထားသည့်အလုပ်ရှင်ထံတွင်သာအလုပ်လုပ်ရမည်။
၎။ ခွင့်ပြုချက် ပေးထားသောအလုပ်အမျိုးအစားတွင်သာအလုပ်လုပ်ရမည်။ အလုပ်ရှင် အမည် နှင့်လည်း တိုက်ရိုက်ပါတ်သက်မှု.ရှိရမည်။ (အလုပ်ရှင်မတူပဲ အလုပ်အမျိုးစားတူသော်လည်း အရေးယူခံရသည်။ ထို.ကြောင့် အလုပ်ရှင်နှင့်အလုပ်အမျိုးစာပါ တူညီရန်လိုအပ်သည်)
၅။အလုပ်လုပ်နေစဉ်ကာလအတွင်း တာဝန်ရှိသူအစိုးရ၀န်ထမ်းများစစ်ဆေးသည့်အခါပြသနိုင်ရေးအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို မိမိလက်ဝယ်တွင်(သို.) အလုပ်နေရာတွင်ထားရှိရမည်။
(မိမနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို သူဌေးအားပေးထားလျှင်လဲ အရေးယူခံရနိုင်သည်)
၆။ ၁၉၇၉ ခုနှစ် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းသို. ရက်(၉၀)တစ်ကြိမ်းသွားရောက်အကြောင်းကြားရမည်။အကြောင်းမကြားပါက ဥပဒေအရအရေးယူခံရမည်။
၇။ အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။
----ရရှိသည်သင်ငွေမှ ကုန်ကျစရိတ်များနှုတ်ပြီး၁ နှစ်ကို ဘတ်ငွေ ၅၀၀၀၀ အထက်ရရှိသူများသည် ၀င်ငွေခွန်ပေးဆောင်ရမည်။( ယခုချိန်ထိ ကျင့်သုံးခြင်းမရှိသေးပါ)
----မည်သူ.ကိုမှ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းမပြုလုပ်ရ။
----အစိုးရ စာရွက်စာတမ်းများအား အတုအပ မပြုလုပ်ရ ။
----သူတပါးဧ။်ပစ္စည်းဥစ္စာအားဖျက်ဆီးခြင်းနှင့် ခန္ဒာကိုယ်အား ကိုယ်ထိလက်ရောက် မပြုရ။
----အလုပ်ချိန်တွင် မူယစ်စေတတ်သော အရက်သေစာနှင့်မူးယစ်ကန်.သတ်ပစ္စည်းများမသုံးစွဲရ
တို.ပင်ဖြစ်ပါသည်။
ထို.ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအနေနှင့် မိမိတို.ဧ။် အန္တရာယ်ကို မိမိတို. ကြိုတင် ကာကွယ်နိုင်ရန်အတွက် တင်ပြပေးလိုက်ရပါတယ်ဗျာ.....။
မင်းလွမ်းနောင်(ပန်းတနော်)
ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment