Pages

Friday, November 18, 2011

မေးလ်ထဲရောက်လာသောစာတစ်စောင်

ကျွန်တော်မေးလ်ထဲကို ရောက်လာတဲ့ စာတစ်စောင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတစ်ခုက ရေးသားပေးပို့လာတာပါ။ ဘန်ကောက်ရေကြီးတာတွေ ကြည့်ပြီး၊ သူတို့ဘ၀တွေ မမြင်ရတဲ့ ရေတွေနစ်နေတာကို သိစေချင်လို့ ရေးသားပေးပို့လာတာဖြစ်မယ်ထင်ပါတယ်။ဒုက္ခသည်စခန်းကိုးခုကလူသစ်တွေ တစ်ယောက်မှကို ထိုင်းအစိုးရက အသိအမှတ်မပြုပေးသေးလို့ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခရောက်နေကြတဲ့ လူတစ်သိန်းကျော်ရဲ့ဘ၀တွေကို စာနာနားလည်ပေးကြပါဗျာ ...
ပေးပို့သူ .... နောင်တရအောင်(နို့ဖိုး စခန်း) ထိုင်းနိုင်ငံ။
သတင်း
ဘန်ကောက်တွင်ရက်ပိုင်းအတွင်းမြို့၏ ၃ပုံ၁ပုံ ရေကြီးနစ်မြုပ်၍ ဒုက္ခသည် ဘဝရောက်ရသည်ကို စာနာမှု အသိတရားရှိရန် ထိုင်းနိုင်ငံသားများက အစုဖွဲ့၍ အလှူခံခြင်း အကူအညီတောင်းခံခြင်းပြုသည်မှာ အလွန်မွန်မြတ်သောအလုပ်ပင် ဖြစ်ပါသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံသားများ ဒုက္ခသည် camp (9)ခုတွင်နှစ်အတန်ကြာ ဒုက္ခရောက်နေသည်ကိုမူ ကို၍လူသားချင်းစာနာသင့်ပါသည်မဟုတ်လော့....

ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊