Pages

Tuesday, February 14, 2012

Valentines day အမှတ်တရ


မနက်ဖြန် ဖေဖော်ဝါရီ(၁၄) ရက်က ငါ့အတွက်တော့ တစ်ကိုယ်တော် Valentine ပဲဖြစ်မယ်နဲ့တူတယ်..ချောကလက်လာမကျွေးကြပါနဲ့ မနက်ဖြန်အိမ်မှာ ပဲမြစ်ပြုတ်စားမှာမို့လို့ပါ။
အချစ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတော့ Valentine အမှတ်တရ အဖြစ် ဖော်ပြလိုက်ပါတယ်။

1. အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)

အချစ်ဆိုသောအရာဟာ အချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်းဖန်တီးပေးပါလိမ့်မယ်….

အကြမ်းတမ်းဆုံးသော ပူဆွေးမှုကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါလိမ့်မယ်…….

2. ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)

ဒါကတော့ နတ္တိ အတ္တသမံ ပေမံ ဆိုတဲ့ ဘုရားဟောနဲ့တထပ်တည်းပဲ……

သတ္တ၀ါတွေအားလုံးဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးပါ………

3. အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့နိဂုံးပဲ(Antoine Bret)

ဒါကတော့ အချစ်နိဒါန်းပျိုးလိုက်တာနဲ့ အသိဥာဏ်နိဂုံးချုပ်သွားရသတဲ့……..

4. ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြားအစိတ်အပိုင်းတစ်ခုမျှသာ

မိန်းမရဲ့အချစ်ကတော့ သူ့ဘ၀တစ်ခုလုံးပါပဲ……(Byron)

ယောကျာ်းတွေက တာဝန်ဝတ္တရားတွေက အချစ်ထက်ပိုတယ်လို့ပြောချင်တာပါ…..

5. ယောက်ျားက နဲနဲ နဲ့ ခဏခဏချစ်တတ်တယ်…..

မိန်းမက များများနဲ့ရှားရှားပါးပါး ချစ်တတ်တယ် (Basta)

မိန်းမက များများချစ်ခင်တတ်တယ် ဒါပေမယ့်ရှားရှားပါးပါးပဲ ချစ်တတ်တယ်ဆိုတာ

ကတော့ တကယ့်မိန်းမကောင်း မိန်းမမြတ်တွေပါပဲ……….

6. ပညာတွေ ဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အရူးပဲ (Joshua Cooke)

ပညာတွေဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အဲဒီပညာတွေဟာနောက်

ကောက်ကျသွားတော့တာပါပဲ………………………..

7. လူငယ်ဘ၀မှာ ဆန္ဒက အချစ် ငွေ ကျန်းမာရေး၊ အိုမင်းမစွမ်းတဲ့အခါကျတော့

ကျန်းမာရေး ငွေ အချစ်တဲ့………(Paul Geraldy)

အချစ်ဆိုတာ ငယ်တုန်းကတော့ ဦးစားပေးအရာပေါ့ အသက်ကြီးတော့အရေး

မပါတော့ဘူး….နောက်ဆုံးရောက်သွားတယ်….ပူလောင်တဲ့အချစ်ကိုပြောတာနော်….

လူငယ်တွေနဲ့စကားပြောရင် ပီယဆေး အကြောင်းပြောပါသတဲ့….

အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့စကားပြောတဲ့အခါ အာယုဒီဃဆေး

အကြောင်းပြောပါသတဲ့…………………………….

8. နဲနဲပဲ ချစ်ပါ ဒါမှ ကြာကြာချစ်နိုင်မှာ (Herrick)

မှန်မှန်လျှောက်ခရီးရောက်ဆိုတာလို အချစ်မှာအစွန်းမရောက်ဖို့ပြောတာပေါ့နော်…

အချစ်ကြီးရင် အမျက်ကြီးတတ်လို့ လျှော့လျှော့ပေါ့ပေါ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ချစ်ဖို့

သတိပေးထားတာပါ…..ဒါကြောင့်လည်း တောင်မြို့မဟာဂန္ဓရုံဆရာတော်က မိန့်တယ်

“ချစ်…ချစ်နဲ့ ချစ်တိုင်းကောင်းတာမဟုတ်ဖူး….လျော့လျော့ပေါ့ပေါ့ချစ်ကြ၊ သူများကို

ချစ်ရတာ စိတ်မချရဘူး၊ ကိုယ့်ကိုကိုယ်ချစ်ရတာက စိတ်ချရတယ်” တဲ့

9. အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ (Plato)

ဒါဟာအမှန်တရားပါ၊ အဆိုးဆုံးရောဂါဟာဒီရောဂါပါပဲ..ဒီရောဂါကြောင့်သံသရာရှည်နေတာပါ

10. ချစ်မိပြီဆိုရင် လူတိုင်းဟာအကန်းပဲ(Propertius)

အကန်းဆိုတာ အ လည်းအ ကန်းလည်း ကန်းနေတော့ ဘာမှမမြင်တော့ဘူးပေါ့

11.အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦး

လက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန်(Dfinod)

အချစ်ဆိုတဲ့အရာဟာ လက်မထပ်ခင်ပဲကောင်းတယ်….လက်ထပ်ပြီးရင်တော့အချစ်ဆို

သောနေမင်းဟာ မှေးမှိန်သွားတော့တာပါပဲ…………

ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊