Pages

Thursday, December 22, 2011

လက်ဆောင်လေးတွေ ပေးကြရအောင်

**ကိုယ့်ကိုအမြဲတမ်းသတိရနေပါ**ဆိုတဲ့...ရည်ရွယ်ချက်နဲ့ပေးမယ်ဆိုရင်
-ကောင်လေးကကောင်မလေးကိုအလှစိုက်သစ်ပင်ပေးရမယ်။
-ကောင်မလေးကကောင်လေးကိုဦးထုပ်ပေးရမယ်။

**မင်းရဲ့ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆုတောင်ပေးနေမယ်**..လို့ရည်ရွယ်ပြီးပေးချင်ရင်
-ကောင်လေးကကောင်မလေးကိုစက္ကူကြိုးကြာရုပ်တစ်ထောင်ပေးရမယ်။
-ကောင်မလေးကကောင်လေးကိုစက္ကူရောင်စုံကြယ်ပွင့်တစ်ထောင်ပေးရမယ်။

**ကိုယ့်ကိုမေ့ပစ်လိုက်ပါတော့**..လို့..လက်ဆောင်လေးပေးပြီးအဆက်ဖြတ်ချင်ရင်
-ကောင်လေးကကောင်မလေးကိုမီးခြစ်ပေးရမယ်။
-ကောင်မလေးကကောင်လေးကိုပြာခွက်ပေးရမယ်။

**အနေဝေးလို့မေ့မသွားနဲ့နော်**..လို့ရည်ရွယ်ချင်ရင်တော့
-ကောင်လေးကကောင်မလေးကိုဒိုင်ယာရီစာအုပ်ပေးပြီး
-ကောင်မလေးကကောင်လေးကို ဖောင်တိန်၊ဘောပင်လ် ပေးရမယ်။

ကိုယ့်ချစ်သူအောင်မြင်တာကို**ဂုဏ်ယူပါတယ်**..လို့ရည်ရွယ်ချင်ရင်တော့
-ကောင်လေးကကောင်မလေးကို ဓာတ်ပုံမှန်ဘောင်လှလှလေးတစ်ခုပေးရမယ်။
-ကောင်မလေးကကောင်လေးကိုတော့ ၀ိုင်ပုလင်း လေးပေးရမယ်။

နှစ်ယောက်သားဝေးပြီးပြန်ဆုံကြလို့**လွမ်းခဲ့ရသမျှတွေမေ့ပစ်လိုက်ကြစို့**..လို့ရည်ရွယ်ချင်ရင်
-ကောင်လေးကကောင်မလေးကို လက်ကိုင်ပုဝါ ပေးပြီးတော့
-ကောင်မလေးကကောင်လေးကို စားပွဲတင်ပြက္ခတိန် လေးပေးရမယ်။

ချစ်သူနှစ်ဦးစိတ်ကောက်ပြီးမခေါ်မပြောဖြစ်နေရာကနေစိတ်ဆိုးပြေအောင်ချော့မော့ချင်တဲ့အခါ
-ကောင်လေးကကောင်မလေးကို အ၀ါရောင်ပန်းစည်း၊ပန်းပွင့်ပေးရမယ်။
-ကောင်မလေးကတော့ကောင်လေးကို သီချင်းခွေအယ်လ်ဘမ် ပေးရမယ်။

ချစ်သူတွေအချင်းချင်း**ကွယ်ရာမှာသစ္စာမဖောက်နဲ့နော်**..လို့ရည်ရွယ်ချင်ရင်တော့
-ကောင်လေးကကောင်မလေးကို ကြည့်မှန်သေးသေးတစ်ချပ် ပေးရမယ်။
-ကောင်မလေးကတော့ကောင်လေးကို သော့ချိတ် လေးပေးရမယ်။

ချစ်တဲ့သက်တမ်းကြာလို့**လက်ထပ်ချင်ပါပြီ**..ဆိုပြီးရည်ရွယ်ချင်ရင်
-ကောင်လေးကကောင်မလေးကို လက်စွပ်တစ်ကွင်း ပေးရပြီး...
-ကောင်မလေးကကောင်လေးကို လက်ပတ်နာ၇ီ တစ်လုံးပေးရမယ်။

ချစ်သူနှစ်ဦးသွေးထိုးစကားတွေကြားပြီးစိတ်ဆိုးနေတဲ့အခါ**သစ္စာမဲ့တယ်လို့အထင်မလွဲပါနဲ့**
လို့ရည်ရွယ်ပြီးလက်ဆောင်ပေးချင်ရင်
-ကောင်လေးကကောင်မလေးကို နှုတ်ခမ်းနီးဆိုးဆေး ပေးရပြီး..
-ကောင်မလေးကတော့ကောင်လေးကို အင်္ကျီတစ်ထည် ပေးရတယ်။(အဖြူရောင်နော်)

ချစ်သူတွေဖြစ်သွားကြလို့**တို့နှစ်ယောက်အချစ်ခိုင်မြဲပါစေ**..လို့ရည်ရွယ်ပြီး
လက်ဆောင်ပေးချင်ရင်တော့
-ကောင်လေးကကောင်မလေးကို ဖဲကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း ပေးရပြီး
-ကောင်မလေးကကောင်လေးကို ချောကလက်ဘူး ပေးရတယ်နော်။

-ကောင်လေးကကိုယ်ချစ်နေတဲ့မိန်းကလေးကိုဖွင့်ပြောဖို့မ၀ံ့မရဲဖြစ်နေရင်
ပေးရမယ့်ပစ္စည်းက အမွှေးပွပွဝက်ဝံရုပ်ကလေးဖြစ်ပြီး
-ကောင်မလေးကကိုယ်ချစ်နေတဲ့အကြောင်းကောင်လေးကိုသိစေချင်ရင်တော့
ရေမွှေးပုလင်းလေးပေးရတယ်။

နေမကောင်းဖြစ်နေတဲ့အမျိုးသမီး(ဥပမာ-အစ်မ၊ဆရာမ၊အဒေါ်)တွေကိုလက်ဆောင်ပေးချင်ရင်
သစ်သီးနဲ့စိတ်ရွှင်လန်းစေမယ့်ပန်းတွေပေးရပြီး..
-ကိုယ့်ချစ်သူကောင်မလေးနေထိုင်မကောင်းဖြစ်ရင်တော့ အဖြူရောင်ပန်းတွေပေးရတယ်။
-ကောင်မလေးကနေမကောင်းတဲ့ချစ်သူကောင်လေးကိုပေးချင်ရင်တော့ မီးအိမ်လေးပေးရတယ်။

သူငယ်ချင်းများအားလုံးလက်ဆောင်ရွေးချယ်မှုမှန်ကန်ကြပါစေ။
Kevin Joe

ဖန်တီးသူ ... နေမင်းခန့် (ဘန်ကောက်)။

0 comments:

Post a Comment

လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊