Friday, October 14, 2011
ဒီနေ့ နေ့လည်၁၂.၀၀ တွင် ထိုင်းနိုင်ငံအတွင်းနေထိုင်ကြသော ရွေ့ပြောင်းအလုပ်သမားများ ဆန်ဒမဲပေးပွဲကို ဘန်ကောက်မြို့ SCC တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခန်းအနားမစတင်မှီ တွင် ဘန်ကောက်မြို့အတွင်း နေထိုင်ကြကုန်သော ဒီမိုကရေစီ အင်အားစုများနှင့်အတူ တိုင်းရင်းသား မြန်မာနိုင်ငံသားများ သူ့အစုလိုက် သူ့အဖွဲ့လိုက် တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပါသည်။ဒီနေ့ ကျင်းပသော လူထုဆန်ဒခံယူပွဲကို ပြည်ပအခြေစိုက် (ပမကဖ) အဖွဲ့က ကမကထပြု ဦးစီးပြုလုပ်ပါသည်။အခန်းအနားစတင်ချိန်တွင် လူထုအင်အား ၂၀၀ကျော်နေပါသည်။ ခန်းမအတွင်း တွင်လည်း ထိုင်စရာနေရာမရှိလောက်အောင် ပြည့်ကျပ်နေပါသဖြင့် စည်းကမ်းထိန်းသိမ်းရေးမှူးများက ပြင်ပ ပနာဝန်တွင် နေရာချထားမှု့များ ပြုလုပ်ပေးနေပါသည်။စေသနာရှင် အဖွဲ့အစည်းများကလည်း နေပူထဲမှရောက်ရှိလာသူများ အပန်းပြေ အမောပြေ စေရန် ရေခဲလက်ဖက်ရည်များနှင့် တိုက်ကျွေးခြင်း ရေသန့်ဗူးများ ဝေငှခြင်းများ ဆောင်ရွက်ပေးကြပါသည်.။ မဲဆန်ဒ ပေးမည့် လူများသည် စနစ်တကျ တန်းစီခါ မဲပုံးအတွင်းသို့ မိမိတို့ရဲ့ ဆန်ဒအမှန်ကို ဖော်ထုတ်ဆန်ဒမဲပေးကြပါသည်။ ဒီနေ့ ဆန်ဒမဲပေးသည့်အခြေအနေသည် နိုင်ငံတကာနည်းတူ ထိုင်းနိုင်ငံရောက် အဖွဲ့အစည်းများရဲ့ စည်းကမ်း စနစ်ကျမှု့အောက်တွင် အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါသည်။ လူထုရဲ့ စိတ်ဓါတ်များနဲ့ ဆန်ဒမဲများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကြီးအပေါ် ယုံကြည်မှု့ရှိမရှိ အထင်းသား ပေါ်လွင်နေပါသည်။ မည်သို့ပင်ဖြစ်စေခါမူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများရဲ့ ကန့်ကွက်မဲများသည် ဘန်ကောက်မြို့ရဲ့ ကောင်းကင်ပြင်ပေါ် အထင်သားပေါ်လွင်နေပါတော့သည်...။
ဖန်တီးသူ နေမင်းခန့်(ဘန်ကောက်)
ဖန်တီးသူ နေမင်းခန့်(ဘန်ကောက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment